ဘာလီမြေပြိုမှုကြောင့် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး‌ေ-သဆုံး

0
365

ဘန်ဒေါင်း၊မတ် ၁၄

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တည်းခိုရာနေအိမ်ပြိုကျသဖြင့် သြစတြေးလျအမျိုးသမီးတစ်ဦးအပါအဝင် နိုင်ငံခြားခရီးသွားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့ (မတ် ၁၄) တွင်ပြောကြားခဲ့သည်။

ကျွန်းပေါင်း ၁၇,၀၀၀ ဖြင့်ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံသည် နိုဝင်ဘာလဝန်းကျင်၌စတင်သည့် မိုးရာသီတွင် ရေကြီးခြင်းနှင့်မြေပြိုခြင်းများ မကြာခဏဖြစ်လေ့ဖြစ်ထရှိ‌သောနိုင်ငံလည်းဖြစ်သည်။

‌ေ-သဆုံးသူများသည် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး အမျိုးသမီးသည် ဩစတြေးလျနိုင်ငံဖွားအမေရိကန်နိုင်ငံသူဖြစ်ကာ အမျိုးသားကိုမူ မည်သည့်နိုင်ငံသားဖြစ်သည်ကိုမသိရှိရသေးကြောင်းလည်းဖော်ပြထားသည်။

‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများအား သက်ဆိုင်ရာဒေသဆေးရုံသို့ပို့ဆောင်ထားကြောင်းလည်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံရှိ အချို့နေရာများတွင် သစ်တောပြုန်းတီးမှုကြောင့် မြေပြိုမှုများဖြစ်‌လေ့ရှိကာ အချိန်ကြာမြင့်စွာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း အချို့နေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာရွာသွန်းမှုအပြီးဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့်လည်း လူပေါင်း ၂၇ ဦးအထိ‌ေ-သဆုံးခဲ့သေးသည်။

Source : အေအက်ဖ်ပီ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here