သင်္ကြန်ပိတ်ရက်ကာလတွင် ပြည်ပခရီးစဉ်လည်ပတ်သူ များပြားမည်ဟုဆို

0
142

လာမည့် သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ပြည်ပခရီးစဉ်သို့ သွားရောက်လည်ပတ်သူ များပြားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ရုံးပိတ်ရက်ကာလတွင် ပြည်ပသို့ ရက်တိုခရီးစဉ်အဖြစ်သွားရောက်လည်ပတ်သူများပြားခဲ့ကြောင်း သိရသည်။

” ပြည်ပခရီးသွားကတော့ သင်္ကြန်ရက်မှာ အများအပြားသွားရောက်ဖို့ရှိပါတယ်။ အထူးသဖြင့် သင်္ကြန်ပိတ်ရက်ကလည်း ခရီးသွားလာဖို့အတွက် အဆင်ပြေတယ်။ ပိတ်ရက်ကလည်း (၁၀) ရက်လောက်ဖြစ်သွားတဲ့ အခါကျတော့ အာဆီယံဒေသတွင်း နိုင်ငံတွေအပါအဝင် ဥရောပကို ခရီးစဉ်ကိုပါ သွားဖို့အတွက် စီစဉ်နေတာတွေရှိပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းရှိဒေသအချို့သည် နယ်မြေအေးချမ်းမှုများမရှိသည့်အတွက် ပြည်တွင်းခရီးသွားဧည့်သည်အများစုသည် ပြည်ပခရီးစဉ်သို့ သွားရောက်မှု များပြားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ရုံးပိတ်ရက် ကာလတွင် ပြည်တွင်းခရီးသွား အများစုသည် ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပုဂံခရီးစဉ်ဒေသ၊ ကချင်ဒေသများသို့ ရက်ရှည်သွားရောက်လည်ပတ်မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် အဆိုပါဒေသရှိ ခရီးစဉ်အချို့သည် တိုက်ပွဲများဖြစ် ပွားနေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားအချို့သည် ကမ်းခြေဒေသ ၊ ပုဂံ၊ မန္တလေးခရီးစဉ် ၊ ရှမ်းပြည်ခရီးစဥ်ကိုလည်း စီစဉ်မှုများရှိနေကြောင်း သိရသည်။

” အခုလောလောဆယ်လက်ရှိ အဲဒီဒေသတွေမှာလုံခြုံရေးကောင်းနေသေးတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဒီအတွက်နဲ့လည်း ခရီးသည်တွေက ပုံမှန်သွားလာနေကြတာတွေရှိပါတယ်။ ဒေသမှာရှိတဲ့ ဟိုတယ်တွေက လက်မခံတာတွေဘာတွေမရှိပါဘူး” ဟု ၎င်းကဆက်လက်ရှင်းပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here