တိုက်ပွဲကြောင့် ဖားကန့်မြို့နယ် နတ်မှော်နှင့် မော်လကင်ကျေးရွာနေ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

0
145

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်အတွင်းရှိ နတ်မှော်နှင့် မော်လကင် ကျေးရွာမှ ဒေသခံပြည်သူများ ယခု မတ်လ (၁၀) ရက်မှစ၍ ဆိပ်မူကျေးရွာအုပ်စု (ဆိုင်းတောင်)ရှိ မှော်ရှန်ဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ရွာနှစ်ရွာမှာ ကသိုဏ်းတောင်နှင့် တာမခန်သွား လမ်းပေါ်တွင်ရှိနေပြီး၊ ကသိုဏ်းတောင်တွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများမှာ အနေဖြင့် ယခုကဲ့သို့ တိမ်းရှောင်လာခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

” မော်လကင် ဒေသခံတွေ ပြန်ပေမယ့် ဒီနေ့ ဆိုင်းတောင်ဘက်မှာ စစ်ရေးတင်းမာနေတာကြောင့် အဲ့ဒီဘက်က ဒေသခံတွေထပ်ရောက်လာတယ်။ အရင်ကျန်နေတဲ့ နတ်မှော်နဲ့ ပေါင်းရင် လူ (၅၀၀)လောက်တော့ ခိုလှုံနေတယ်။ “ဟု ၎င်းက ဆိုသည်။

မှော်ရှန်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာအတွက် အဓိက လိုအပ်လျက် ရှိကြောင်းသိရသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ် နေရာအနှံ့အပြားနီးပါးတွင် တပ်မတော်နှင့် KIA ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here