ရန်ကုန်တိုင်းအတွင်း သင်္ကြန်ကာလ ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများ စတင်လျှောက်ထားနိုင်

0
155

ယခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် ယနေ့ မတ်လ (၁၅)ရက်မှ စတင်၍ မတ်လ (၃၁) ရက်အတွင်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း၍ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကြောင့် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိမှု အခြေနေ၊ ယာဉ်ကြောကြပ်တည်းမှု အခြေနေများပေါ်မူတည်၍ မဏ္ဍပ်အကြီး၊ အလတ်များကို စနစ်တကျခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ် အမျိုးအစားအလိုက် သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်နှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးလုပ်ငန်းကော်မတီ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြု ခွင့်ပြုချက်ရရှိမှသာ ဆောက်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လျှောက်လွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)တွင် ရယူနိုင်ပြီး သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here