ယခုဘဏ္ဍာနှစ်တွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု တိုးလာဟုဆို

0
121

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတိုးလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်သန်း ၉၉၀ ဘီလီယံကျော် ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ငွေကျပ်သန်း ၁၂၈၇ ဒသမ ၃ ဘီလီယံရရှိထားသည့်အတွက် ရည်မှန်းချက်ထက် ငွေကျပ်သန်း ၃၃၀ ဘီလီယံခန့် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၅၅၃၈) ဦး ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု (၁၃၀) ကျော်ကို ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။

ယင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆၅၃ ဒသမ ၉ သန်းတန်ဖိုးရှိ လုပ်ငန်း ၆၃ ခုကို ခွင့်ပြုပေးထားပြီး စက်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားကာ တရုတ်နှင့်ထိုင်းမှ အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု လျော့ကျနေသော်လည်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု တိုးလာကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ခွင့်ပြုပေးနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here