စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဝယ်ယူရ ခက်ခဲနေဆဲဖြစ်ဟုဆို

0
161

ယနေ့ မတ် (၁၅)ရက်တွင် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဝယ်ယူရခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် တစ်ပါတ်က စက်သုံးဆီလက်ကားရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၆၈၀ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၇၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၀ ကျပ်၊ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၄၈၀ ကျပ်ဖြစ်ခဲ့သည်။

ယခုတစ်ပါတ်အတွက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ ၉၂ ဓာတ်ဆီ တစ်လီတာ ၂၇၃၀ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာ ၂၈၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊  ပရီမီ ယံဒီဇယ် တစ်လီတာကို ၂၄၈၀ ကျပ်ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီဝယ်ယူရခက်ခဲမှုများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆိုင်အချို့တွင် တန်းစီစောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။

လက်ရှိတွင် ပြည်ပမှ စက်သုံးဆီ ဝယ်ယူတင်သွင်းပို့ဆောင်မှုများကို ပုံမှန်အတိုင်းလုပ်ဆောင်လျက်ရှိပြီး အများပြည်သူ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရန် ဆီဖြန့်ဖြူးခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here