ယူကရိန်းသို့ Taurus ဒုံးကျည်များ ထောက်ပံ့ပေးရန်ကို ဂျာမန် အမျိုးသားလွှတ်တော်က ပယ်ချ

0
164

ယူကရိန်းနိုင်ငံသို့ Taurus ဒုံးကျည်များ ပေးပို့ထာက်ပံ့ရန်အဆိုကို ဂျာမန်အမျိုးသားလွှတ်တော်က ပယ်ချလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် ၆၉၀ ဦးအနက် ၄၉၅ ဦးက ယင်းအဆိုကို ပယ်ချခဲ့ပြီး ကိုယ်စားလှယ် ၁၉၀ ကသာလျှင် ထောက်ခံခဲ့ကြကာ အခြားသူ ၅ ဦးက ကြားနေခဲ့သည်။ လွှတ်တော်အစည်းအဝေးကျင်းပနေခြင်းကို ပြည်တွင်းရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ဂျာမန်အဓိပတိ Olaf Scholz သည် Taurus ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် စိတ်ကူးကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ သူ့အဆိုအရ ယင်းဒုံးကျည်များကို ထိရောက်စွာအသုံးပြုနိုင်ရန်မှာ ဂျာမန်စစ်တပ်က ပုဂ္ဂိုလ်များပါဝင်ရန် လိုအပ်သည့်အပြင် သူမဖြတ်သန်းလိုသည့် ကန့်သတ်မျဉ်းတစ်ခုလည်းဖြစ်သည်။

ယင်း Taurus ဒုံးကျည်များကိစ္စနှင့်ပတ်သက်သည့် စစ်ရေးလျှို့ဝှက်ချက် သတင်းစကားအချို့သည်လည်း မကြာသေးမီရက်များကပင်လျှင် ပေါက်ကြားခဲ့သေးသည်။

ထို့အပြင် အရေးကြီးဖိုင်များဖွင့်ရန်အတွက် ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသော Password မှာ 1234 သာဖြစ်သဖြင့် လုခြုံမှု လုံးဝမရှိကြောင်း ဂျာမန်မီဒီယာများက ဝေဖန်ထောက်ပြမှုကိုလည်း ခံခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here