မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ကမ်းဘေး အပန်းဖြေနေရာ အကောင်အထည်ဖော်မည်

0
190

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ကမ်းဘေးတလျှောက် သန့်ရှင်းသာယာလှပပြီး River View အပန်းဖြေနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး ပြည်နယ် ဝန်ကြီးချုပ်မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ (၁၃) ရက် ညနေပိုင်းက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြစ်ကြီးနားမြို့ အင်ဂျန်းခချောင်းတလျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် ဗလမင်းထင် ဧက ၂၀၀ စံပြ စိုက်ကွင်းအတွင်း သီးထပ်သီးနှံများ Mobile Solor စနစ်ဖြင့် ‌ရေသွင်းစိုက်ပျိုးမှုကိုလည်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ဆိပ်မှ နန်းသီတာဟိုတယ်ရှေ့အထိ ကမ်းနားတလျှောက် မြေဧရိယာ (၂၄) ဧကအား သန့်ရှင်းသာယာလှပပြီး အများပြည်သူ အပန်းဖြေနိုင်သည့် River View အပန်းဖြေနေရာတစ်ခု အကောင်အထည်ဖော်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့က စက်ယန္တရားကြီးများဖြင့် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမြန်ရေယာဉ်များဖြင့် အဆိုပါ မြစ်ကမ်းနားမှ ဧရာဝတီမြစ်လယ်အတွင်းရှိ သောင်ပြင်ပေါ်သို့သွားရောက်ပြီး သဲသောင်ပေါ်တွင် လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ် နှစ်စဉ် ရေကြောင်းပြောင်းလဲမှု အခြေအနေများ၊ သဲသောင်ပြင်ဖြစ်ထွန်းမှု အခြေအနေများကို တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များမှ ရေဝပ်တင်ကျန်မှု မရှိစေရေး ဧရာဝတီမြစ်အတွင်းသို့ အဓိက ရေထုတ်ပေးသည့် ချောင်းတစ်ခုဖြစ်သည့်အပြင် စက်မှုဇုံရပ်ကွက် ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းမှ သီတာရပ်ကွက်နှင့် စီတာပူ ရပ်ကွက်တို့အား ဖြတ်သန်းစီးဆင်းသည့် အရှည် ၃ ဒဿမ ၅ မိုင်ခန့်ရှိ အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် လူနေအိမ်များ ချောင်းဧရိယာအတွ င်း ကျူးကျော်မှု မရှိစေရေး ဧရာဝတီမြစ်အတွင်း စီးဝင်သည့်နေရာမှ စီတာပူတံတားအထိ ချောင်းတလျှောက်လည်းကွင်းဆင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဒူဝါဇော်ရစ်လမ်းမှ အင်ဂျန်းချောင်း ဖြတ်သန်းစီးဆင်းသည့် ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းအတွင်း လာမည့် မိုးစပါးစိုက်ပျိုးရာသီအတွင်း လယ်မြေအားလုံး စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေများပေါ်ရှိ ကျူးကျော်အဆောက်အအုံများ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး တို့ကိုပါလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here