နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သည့်သူများကို ဗဟိုဘဏ်အရေးယူနေ

0
179

လူမှုကွန်ရက်မှတဆင့် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီးနိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သည့် Facebook အကောင့် ၊ Facebook Group နှင့် Website စုစုပေါင်း (၁၅) ခုကို ဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လူမှုကွန်ရက်စာမျက်နှာများ ဖြစ်သည့် Facebook ၊ Viber နှင့် Website များတွင် မဟုတ်မမှန်သတင်းများဖြန့်ကာ ‌ငွေလဲနှုန်း မြင့်တက်အောင် ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြား ငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ) အရလည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) အရလည်းကောင်း၊ နိုင်ငံခြား‌‌သုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ အရသော်လည်းကောင်း တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် Facebook ၊ Viber နှင့် Website များမှာ Mr. Hamburger Channel (Viber)၊ Myanmar Market Price (App & Facebook)၊ Domestic Price Now ၊ Shwedinger.com ၊Facebook ကွန်ယက်ရှိ Htet Yan Money Exchange ၊ Dollar Exchange Rate ၊ Daily Gold ၊ Myanmar Future News ၊ ရွှေဈေး၊ ဒေါ်လာဈေး ၊ GG Money Exchange ၊ ရဝေထွန်း-စိန်ရွှေရတနာဆိုင် ၊ ရွှေဈေးနှုန်း ငွေဈေးနှုန်း ၊ Gold ၊ Law Ka Media ၊ Money Changer (Yangon) ငွေဈေး ဒေါ်လာဈေး တို့ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိပါက အထူးအစီအစဉ်ဖြင့် နိုင်ငံခြားငွေ ရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြပါရန်နှင့် မဟုတ်မမှတ် သတင်းထုတ်လွှင့်ပြီး နိုင်ငံခြား‌ငွေကြေးဈေးကစားသူများ၏ ပြောကြားချက်/ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏
https//www.cbm.gov.mm/ ရှိ News & Announcement တွင် နေ့စဉ် Online Trading Rate ကို ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်မှ) နေ့စဉ် အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ လေဆိပ်ကောင်တာများအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်ဘဏ်ကောင်တာများမှာ (CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက် ၊ မြန်မာ နိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် ‌ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်ဘဏ်များတွင်လည်းဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန်‌ တစ်ဒေါ်လာလျှင် ၃,၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZ၊ AYA bank၊ UAB စသည့်ဘဏ် (၃) ဘဏ်ရှိ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ တစ်ဒေါ်လာ ကျပ် ၃၁၀၀ နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here