ရုရှားရွေးကောက်ပွဲစတင်၊ ပူတင် နောက်ထပ်ခြောက်နှစ် အာဏာရရန်များ

0
125

မော်စကို၊မတ် ၁၅

ရုရှားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို စတင်ပြုလုပ်နေပြီဖြစ်ကာ လက်ရှိအခြေအနေအရ သမ္မတပူတင်သာ နောက်ထပ်ခြောက်နှစ်တာသက်တမ်းအတွက် အာဏာရနိုင်ခြေရှိနေသည်ဟုသိရသည်။ သမ္မတပူတင်အနေဖြင့် ယူကရိန်းနှင့်စစ်ပွဲအား နှစ်နှစ်တာ တိုက်ခိုက်နိုင်ခဲ့ပြီး ရုရှား၏နိုင်ငံရေးအခင်းအကျင်းအား လွှမ်းမိုးထားနိုင်ခဲ့သည်။

သို့သော် ၎င်း၏ပြိုင်ဘက် ရွေးကောက်ခံများမှာမူ ယုံကြည်လောက်သော ခက်ခက်ခဲခဲစိန်ခေါ်မှုများကို မလုပ်ပြထားနိုင်သဖြင့် ယခုသမ္မတရွေးကောက်ပွဲ၌လည်း သမ္မတပူတင်သာ ထပ်မံအနိုင်ရနိုင်ခြေရှိကြောင်းခန့်မှန်းနေကြခြင်းလည်းဖြစ်သည်။

ခရင်မလင်ကမူ သမ္မတပူတင်သည် ၁၉၉၉ ခုနှစ်ကတည်းက နိုင်ငံ၏ ဝန်ကြီးချုပ်နှင့်သမ္မတရာထူးများအား တာဝန်ယူခဲ့သူဖြစ်ပြီး ရုရှားနိုင်ငံအား ဆိုဗီယက်ခေတ်လွန်မငြိမ်မသက်မှုများမှကယ်တင်နိုင်ခဲ့သကဲ့သို့ အနောက်အုပ်စုနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ခဲ့သဖြင့် သမ္မတပူတင်သာ ထပ်မံအနိုင်ရလိမ့်မည်ဟုလည်းဆိုသည်။

ရုရှားရှိ ထင်ရှားကျော်ကြားသည့် အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီသည် ပြီးခဲ့သည့်လက ရုတ်တရက်‌ေ-သဆုံးခဲ့ပြီး အခြားခရင်မလင်ဝေဖန်သမားများသည်လည်း ပြည်နှင်ဒဏ်နှင့်ထောင်ဒဏ်များကျခံနေရသဖြင့် ယခုရွေးကောက်ပွဲသည် အတုအယောင်ဟုသာအတိုက်အခံများကဝေဖန်ခဲ့ကြသည်။

မော်စကိုက ၎င်း၏နယ်မြေသစ်များအဖြစ်သတ်မှတ်ခေါ်ဝေါ်သည့် သိမ်းပိုက်ခံယူကရိန်းနယ်မြေလေးခုအပါအဝင် ရုရှားနိုင်ငံသားပေါင်း ၁၁၄ သန်းကျော်သည် မဲပေးခွင့်ရှိကြောင်းသိရသည်။

သမ္မတ ဗလာဒီမာပူတင်သည် ယခုခြောက်နှစ်တာကာလသက်တမ်းအား အနိုင်ရခဲ့သည်ရှိသော် ယခင်ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ်စတာလင်အားကျော်တက်ကာ ၁၈ ရာစု ဧကရီဘုရင်မကြီး ကက်သရင်းသည်ဂရိတ်နောက်ပိုင်း သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူတစ်ဦးလည်းဖြစ်လာမည်ဖြစ်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here