ဆိုက်ပရပ်စ် ထောက်ပံ့ရေးသင်္ဘော ဂါဇာကမ်းရိုးတန်းရောက်

0
140
The Open Arms maritime vessel that set sail from Larnaca in Cyprus carrying humanitarian aid approaches the coast of Gaza City on March 15, 2024. - The Open Arms, which the Spanish charity operating it says is carrying 200 tonnes of food for Gazans threatened with famine after more than five months of war via a new maritime corridor, was visible off the war-ravaged territory on March 15. (Photo by AFP)

ဂါဇာကမ်းမြှောင်၊မတ် ၁၅

အစ္စရေး – ဟားမတ်စ်စစ်ပွဲသည် ငါးလတာကာလသို့ ရောက်ရှိလာပြီးနောက် ငတ်မွတ်ခေါင်းပါးမှုဘေးကြုံနေရသည့် ဂါဇာကမ်းမြှောင်ဒေသသို့ ပင်လယ်ရေကြောင်းဖြင့် အထောက်အကူပြုပစ္စည်းများပေးပို့ရေး စမ်းသပ်ပြေးဆွဲသည့်အနေဖြင့် အစားအစာများတင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ဂါဇာကမ်းမြှောင်သို့ မတ်လ ၁၅ ရက်၊သောကြာနေ့တွင်ရောက်ရှိလာခဲ့ကြောင်းသိရသည်။

World Central Kitchen (WCK) ပရဟိတအဖွဲ့က စီစဉ်ပေးသည့် အဆိုပါသင်္ဘောသည် အကူအညီပစ္စည်းတန်ချိန်ပေါင်း ၂၀၀ နီးပါး ကို တင်ဆောင်ထားပြီး ဂါဇာရှိဆိပ်ကမ်းတစ်ခုမှတစ်ဆင့် အထောက်အကူပစ္စည်းများအားပေးပို့မည်ဖြစ်ကာ ဒုတိယမြောက်သင်္ဘောသည်လည်း မကြာမီထပ်မံရောက်ရှိလာနိုင်ကြောင်းပြောကြားခဲ့သည်။

အထောက်အကူပစ္စည်းများ ဆိပ်ကမ်းသို့ရောက်နေပြီဖြစ်သော်လည်း ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီများက အဆိုပါပစ္စည်းများအား လိုအပ်နေသူများထံမျှဝေပေးရာ၌ ကြုံတွေ့ရနိုင်သည့်အခက်အခဲအတားအဆီးများအား တင်ပြခဲ့ပြီး ယခုရောက်ရှိနေသည့်ပစ္စည်းများကို သင်္ဘောပေါ်မှချပြီးပါက မည်ကဲ့သို့ဖြန့်ဖြူးမည်ကို အသေးစိတ်အချက်အလက်အနည်းငယ်သာဖော်ပြထားခဲ့သည်။

အကယ်၍ ယခုစမ်းသပ်ပို့ဆောင်သည့် ရေကြောင်းပို့ဆောင်ရေးအောင်မြင်ပါက မြောက်ပိုင်းဒေသများရှိ ဆေးရုံများ၌ ကလေ-းငယ်များ အာဟာရပြတ်ပြီး ငတ်မွတ်‌ေ-သဆုံးနေရသည့်အခြေအနေကို သက်သာစေမည်ဖြစ်ကာ ဂါဇာကမ်းမြှောင်ရှိ ဒေသခံများကြုံတွေ့နေရသည့် အာဟာရချို့တဲ့မှုပြဿနာကိုလည်း လျော့နည်းလာစေမည်ဖြစ်သည်။

သို့သော်လည်း ကုန်းကြောင်းမှထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရန်အဆင်မပြေပါက လေကြောင်းနှင့်ရေကြောင်းမှပို့ဆောင်သည့် အထောက်အကူပြုပစ္စည်းများသည် လုံလောက်မည်မဟုတ်ကြောင်း ထောက်ပံ့ရေးအေဂျင်စီများက ထပ်တလဲလဲပြောကြားခဲ့ကြသည်။

အစ္စရေး – ဟားမတ်အရေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့၏စတင်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကာ အစ္စရေးဘက်မှ ‌ေ-သဆုံးသူ ၁,၂၀၀ ရှိခဲ့ပြီး ဓ-ါးစာခံ ၂၅၃ ဦး ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။အစ္စရေး၏ လေကြောင်းမှ ပြန်လည်တုန့်ပြန်တိုက်ခိုက်မှုများကြောင့်လည်း ပါလက်စတိုင်းဒေသခံပေါင်း ၃၁,၀၀၀ ကျော်‌ေ-သဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here