ဓ-ားစာခံများနှင့်အကျဉ်းသားများ လဲလှယ်ခြင်းပါဝင်သည့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်အား ဟားမတ်စ်တင်သွင်း

0
132

ဒူဘိုင်း၊မတ် ၁၅

ဟားမတ်စ်စစ်သွေးကြွအဖွဲ့သည် ပါလက်စတိုင်းအကျဉ်းသား ၇၀၀ မှ ၁,၀၀၀ ကြားရှိသည့်ပမာဏနှင့် အစ္စရေးဘက်မှ အမျိုးသမီးများ၊‌ကလေ-းငယ်များ၊သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသောဓ-ါးစာခံများအား အလဲအလှယ်လုပ်မည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးသည့်နိုင်ငံများထံ တင်သွင်းခဲ့သည်ဟုသိရသည်။

ကနဦးအနေဖြင့် ယင်းသို့ လွှတ်ပေးရာ၌ အစ္စရေးဘက်တွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည့် အကျဉ်းသားများနှင့် ပါလက်စတိုင်းအမျိုးသမီးတပ်ဖွဲ့ဝင်များ အနည်းဆုံး အယောက် ၁၀၀ ပါဝင်ရမည်ဟုလည်းဆိုထားသည်။

ဓ-ားစာခံများနှင့် အကျဉ်းသားများကို ကနဦးလဲလှယ်ပြီးမှသာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးပြုလုပ်မည့်ရက်ကို သဘောတူမည်ဟုလည်း ဟားမတ်စ်ကပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်မှ အစ္စရေးတပ်ဖွဲ့များက အပြီးတိုင်ရုတ်သိမ်းရမည့် နောက်ဆုံးရက်ကိုမူ ပထမအဆင့်အပြီးတွင် သဘောတူမည်ဟုလည်း ဟားမတ်စ်က ၎င်း၏အဆိုပြုချက်တွင်ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက နှစ်ဖက်လုံးမှ ထိန်းသိမ်းခံထားရသူအားလုံးကို အစီအစဉ်၏ ဒုတိယအဆင့်တွင် ပြန်လွှတ်ပေးမည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here