အီးယူသည် ရုရှားထံမှ သိမ်းဆည်းထားသော ငွေများဖြင့် ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် စီစဉ်နေကြောင်း ဂျာမန်အဓိပတိဆို

0
166

ဥရောပသမဂ္ဂနိုင်ငံများသည် ယူကရိန်းအတွက် လက်နက်ဝယ်ယူရာတွင် ဥရောပနိုင်ငံများက ထောက်ပံ့ရန် လိုအပ်နေသည့်ငွေကြေးအတွက် ဥရောပသမဂ္ဂနိုင်ငံများတွင် ရုရှားနိုင်ငံထံမှ ထိန်းသိမ်း(Freez)ထားသော ပိုင်ဆိုင်မှုများမှ ရရှိသည့်ငွေများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ဂျာမန်အဓိပတိ Olaf Scholz က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ Emmanuel Macron နှင့် ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နှင့် အတူပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဓိပတိက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်တပတ်မှာ ကျနော်တို့ ၃ ယောက် ထပ်မံတွေ့ဆုံပြီး ဥရောပကောင်စီမှာ ကျွန်တော်တို့ရဲ့ ဥရောပလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီကိစ္စတွေကို သေသေချာချာ ဆွေးနွေးမှာပါ” ဟု သူက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် နိုင်ငံတကာ အပ်နှံမှု Euroclear မှ စီမံခန့်ခွဲကာ ထိမ်းသိမ်းထားသော ရုရှား၏ ပိုင်ဆိုင်မှုများကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသော ယူရိုငွေ နှစ်ဘီလီယံ သို့မဟုတ် သုံးဘီလီယံကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ယူကရိန်းသို့ လွှဲပြောင်းပေးနိုင်သည်ဟု မတ် ၁၁ ရက်ထုတ် Financial Times သတင်းစာတွင် ဖော်ပြခဲ့သည်။

၂၀၂၇ ခုနှစ်အထိ ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံ ၅၀ ထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဘဏ္ဍာငွေအဖြစ် ရုရှားထံမှ သိမ်းဆည်းထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် ငွေများအား ပြန်လည်သုံးစွဲရန် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သော ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အတည်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here