မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်၊နေအိမ် မီးလောင်မှုဖြစ်ပွားရာ ပျက်စီးမှုမရှိသော ရွှေ၊ငွေများ အား ကယ်ဆယ်ရေးအဖွဲ့က ပြန်အပ်နှံ

0
166

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ စက်မှုဇုန်လမ်းရှိ နေအိမ်တစ်အိမ်တွင် မတ်လ (၁၅)ရက်၊ ည (၇)နာရီ (၂)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

အဆိုပါ နေအိမ် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မြိုင်သာယာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“အိမ်ပိုင်ရှင်ထံကို မီးလောင်ပျက်စီးမှု မရှိတဲ့ ခန့်မှန်း ရွှေ ၅ ကျပ်သား၊ ‌ငွေသားတွေနဲ့ ပိုင်ဆိုင်မှု စာရွက်စာတန်းတွေကို တာဝန်ရှိသူတွေက ပြန်လည်အပ်နှံပေးခဲ့ပါတယ်”ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

ထိုသို့ ငြှိမ်းသတ်ရာ ည (၇)နာရီ (၁၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်ပိုင်ရှင်အား သက်ဆိုင်ရာ မုပွန်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here