ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှေ-ာက်မှုကြောင့် ယာဉ်ပေါ်ပါ (၃)ဦး ထိခိုက်ဒဏ်ရာ

0
140

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Suzuki Swift အမျိုးစား (အနက်ရောင်)တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ကွန်ကရစ်တုံးများအား ဝင်တို-က်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ(၁၅) ရက်၊ ည (၇)နာရီခွဲ အချိန်က အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၅-၆) ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပလွေးအမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ပ‌လွေးအမြန်လမ်း ရဲစခန်းမှ စခန်းမှူးအပါ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Suzuki Swift အမျိုးစား (အနက်ရောင်) ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ကွန်ကရစ်ဘယ်ရီယာတုံးများအား ဝင်တို-က်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃)ဦးတို့မှာ (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here