ကိုရီးယားအလုပ်အကိုင် EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ယခင်နှစ်ထက်ပိုများလာဟုဆို

0
151

ယခုနှစ်လယ်တွင် ကျင်းပမည့် ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲအတွက် EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူဦးရေ ယခင်နှစ်ထက်ပိုများလာကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)ထံက သိရသည်။

ယခုနှစ်တွင် ကိုရီးယားအလုပ်အကိုင်အတွက် အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK ဝင်ရောက်ဖြေဆိုရန် အွန်လိုင်းက လျှောက်ထားသူ ၇၅,၀၀၀ နီးပါးရှိနေသည်။

ပြီးခဲ့သည့်နှစ်တွင် လျှောက်ထားသူဦးရေသည် ၄၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်သည် အမျိုးသမီးများကိုပါ ဖြေဆိုခွင့်ပြုထားသည့်အတွက် အရေအတွက်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

EPS စာမေးပွဲအတွက် အွန်လိုင်းမှတဆင့် ဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် EPS-TOPIK စာမေးပွဲကြေးကို လာမည့် ၁၉ ရက်မှ စတင်ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စာမေးပွဲမှတ်ပုံတင်ကြေးမှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသည့် ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ EPS စနစ်ဖြင့် မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here