ဝိုင်းမော်မြို့ မိုင်းနားကျေးရွာ လမ်းဆုံတွင် ယာဉ်နှစ်စီးတို-က်မိရာမှ ကလေ-းငယ်တစ်ဦး အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာများရရှိ

0
150

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ၊ မိုင်းနားကျေးရွာလမ်းဆုံတွင် ယမန်နေ့ မတ်လ (၁၅)ရက် မွန်းလွှဲပိုင်းအချိန်က ယာဉ်နှစ်စီးတို-က်မိရာမှ ကလေ-းငယ်တစ်ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းနားကျေးရွာ လမ်းဆုံတွင် ထင်းများသယ်ဆောင်လာသည့် ယာဉ်နှင့် အုတ်သဲကျောက်တင်ဆောင်သည့် ယာဉ်တို့ တို-က်မိခြင်းဖြစ်ပြီး ထင်းသယ်ဆောင်လာသောယာဉ်မှာ တိမ်းမှေ-ာက်သွားခဲ့ခြင်းဖြစ်သည်။

တိမ်းမှေ-ာက်သွားသော ယာဉ်၏နောက်တွင် လိုက်ပါလာသည့် ကလေ-းတစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး (၆) ဦးနှင့် ‌အုတ်သဲကျောက်တင်လာသည့် ယာဉ်မောင်းနှင်သူ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထင်းသယ်တဲ့ ကားနောက်က လိုက်လာတဲ့ အမျိုးသားတစ်ဦးကတော့ နံရိုးကျိုးသွားတယ်ထင်တယ်။ နည်းနည်းစိုးရိမ်ရတဲ့ အ‌ခြေအနေကြောင့် ဆေးရုံပို့ပြီး ခွဲစိတ်ကုသမှုခံယူနေတယ်။ ကလေ-းတစ်ဦးနဲ့ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပါဘဲ “ဟု ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တို-က်မှုမှ နံရိုးကျိုးသူ အမျိုးသားတစ်ဦးအား ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့က မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here