လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်တွင် လမ်းဘေး၌ ‌ေ-သဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလေ-ာင်းတွေ့ရှိ

0
555

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်တွင် လမ်းဘေး၌ ‌ေ-သဆုံးနေသည့် ပိုင်ရှင်မဲ့ အသက်ကြီးပိုင်း အမျိုးသားအလေ-ာင်းတွေ့ရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မေတ္တာပါရမီလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ မတ်လ (၁၆) ရက်၊ နံနက် (၆)နာရီခွဲ အချိန်ခန့်က အဆိုပါ အမျိုးသားအလေ-ာင်းတွေ့ရှိကြောင်း သတင်းအရ အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နေရာအရောက်တွင် အသက်ကြီးပိုင်း အမျိုးသား တစ်ဦးမှာ လမ်းဘေးရှိ ခုံတန်းတစ်ခုအောက်၌ လဲကျ‌ေ-သဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး တာဝန်ရှိသူများမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရုပ်အလေ-ာင်းအား အသင်းပိုင်ယာဉ်ဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here