စစ်ကိုင်းတိုင်းအတွင်း ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၄၄၁၆၈) ဦးပြီးစီး

0
123

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၄၄၁၆၈) ဦးပြီးစီးသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“ပြည်သူတွေရဲ့ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူ မြန်ဆန်စေဖို့ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေကို စိစစ်နိုင်တဲ့တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးဖို့ပါ။ Online စနစ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေအတွက် မည်သူမည်ဝါဖြစ်တယ်ဆိုတာကို စစ်ဆေးနိုင်မယ့်အခြေခံစနစ် တည်ဆောက်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို သတ်မှတ်နေရာ အသီးသီးတွင် နေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက်အထိ (၄၄၁၆၈) ဦး ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးများတွင် ဝန်ထမ်းများက သတ်မှတ်နေရာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများယူဆောင်လာစေကာ (Bio metric Data) ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းဖြစ်သည်။

ထိုသို့ကောက်ယူပြီးနောက် Database တွင် သိမ်းဆည်းပြီး မတူညီသောဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ခြင်းပြီး အခမဲ့ထုတ်ပေးခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများကို Internet Line ကောင်းမွန်သည့် မြို့နယ်ရုံးများနှင့် တိုင်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံများတွင် ရုံးဖွင့်ရက်များ၌ ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here