ရန်ကုန်မြို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့် တပြေးညီ ကြိုးပမ်းနေဟု YESC ဆို

0
168

ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ်နေ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက် နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့် တပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်းဟုဆိုကာ အသိပေးထုတ်ပြန်ထားသည်။

ယနေ့ မတ်လ (၁၆) ရက်၊ ညနေ (၃)နာရီ (၃၃)မိနစ်အချိန်ခန့်မှစတင်ကာ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းအတွင်း၌ ယာယီဓာတ်အားပြတ်တောက်နေကြောင်း YESC မှ ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here