ရွေးကောက်ပွဲနှောင့်ယှက်မှုအတွက် ယူကရိန်းကို ပြစ်ဒဏ်ပေးမည်–ပူတင်

0
150

မော်စကို၊မတ် ၁၆

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းက ရုရှားရွေးကောက်ပွဲအား နှောင့်ယှက်နေသည်ဟုစွပ်စွဲလျက် အဆိုပါနှောင့်ယှက်မှုများအတွက် ကျိန်းသေပေါက်ပြစ်ဒဏ်ခပ်မည်ဟု ပြောကြားခဲ့သည်။

မဲပုံးထဲသို့ ဆိုးဆေးများလောင်းထည့်ခြင်း၊ပူတင်၏ဇာတိမြို့ရှိ မဲရုံတစ်ရုံတွင် မိုလိုတော့ဗ်ကော့တေးပုလင်းများပစ်ချခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး မဲပေးရမည့်သုံးရက်တာကာလအတွင်း ပထမဆုံးရက်၌ပင် အနှောင့်အယှက်များဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။

သန်းပေါင်းများစွာသော ရုရှားနိုင်ငံသားများသည် မတ်လ ၁၅ ရက်တွင် စတင်ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပြီး တာဝန်ရှိသူများကမူ ပထမနေ့တွင်ပင်မဲပေးသူ ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်းလည်းပြောကြားခဲ့သည်။

ယခုကျင်းပနေသည့် ရုရှားရွေးကောက်ပွဲအား ထိခိုက်စေချင်သည့်ရည်ရွယ်ချက်ဖြင့် ဆန္ဒမဲပုံးထဲသို့ မင်ရေများလောင်းချပြီးဖျက်ဆီးခြင်း၊မိုလိုတော့ဗ်ကော့တေးပုလင်းများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများလည်းပြုလုပ်ခြင်းခံခဲ့ရသည်။

ဆန္ဒမဲလာထည့်သည့် အမျိုးသမီးငယ်တစ်ဦးသည် မဲစာရွက်များထည့်ထားသည့်ပုံးထဲအား မင်ရည်များလောင်းချခဲ့သဖြင့် ရဲတပ်ဖွဲ့များက၎င်းအား အချိန်ဖမ်းဆီးခဲ့သည်။

အလားတူပင် အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးငယ်သည်လည်း မိုလိုတော့ဗ်ပုလင်းဖြင့် မဲရုံကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပြီး ယခုကိစ္စများသည် ယူကရိန်းလုပ်ရပ်သာ ဖြစ်သည်ဟု သမ္မတပူတင်ကအခိုင်အမာဆိုခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here