ဟားမတ်စ်-အစ္စရေး သဘောတူညီချက်ရှိ ကွာဟချက်များ ကျဥ်းမြောင်းရန်လုပ်ဆောင်နေကြောင်း ဘလင်ကန်ပြော

0
113
US Secretary of State Antony Blinken delivers remarks at the 67th Session of the UN Commission on Narcotic Drugs at Vienna International Centre, in Vienna, Austria March 15, 2024. (Photo by Evelyn Hockstein / POOL / AFP)

ဗီယန်နာ၊မတ် ၁၆

ဂါဇာဒေသ၌ လုံးဝ အပစ်အခတ်ရပ်စဲရေးနှင့် ဟားမတ်စ်တို့၏ဖမ်းဆီးခြင်းခံထားရသည့် ဓ-ါးစာခံများ ပြန်လည်လွတ်မြောက်ရေးတို့ အတွက် ကျန်ရှိနေသေးသော ကွာဟချက်များအား ကျဥ်းမြောင်းစေရန် မဟာမိတ်များနှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောကြားခဲ့သည်။

ဂါဇာ၌ ရက်သတ္တပတ်ခြောက်ပတ်ကြာမည့် အပစ်အခတ်ရပ်စဲရေးအသစ်အပါအဝင် ပါလက်စတိုင်းအကျဉ်းသားများနှင့် အစ္စရေးဓ-ါးစာခံများအား လဲလှယ်ပေးရန် ဟားမတ်စ်ကအဆိုပြုခဲ့ကြောင်း စစ်သွေးကြွအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သို့ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဓ-ါးစာခံများ လွတ်မြောက်ရေးအတွက် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် ဒိုဟာသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်မည်ဖြစ်ကြောင်းလည်း အစ္စရေးဝန်ကြီးချုပ်ရုံးကပြောကြားခဲ့သည်။

ဟားမတ်စ် စစ်သွေးကြွများ၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးနှင့်နိုင်ငံခြားသားဓ-ါးစာခံ ၂၅၀ ခန့်ဖမ်းဆီးခံခဲ့ရကာ အချို့သည် နိုဝင်ဘာလကပြုလုပ်ခဲ့သည့် ရက်သတ္တပတ်တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွင်းပြန်လွတ်လာခဲ့သည်။သို့သော် ဂါဇာ၌ ‌ေ-သဆုံးသူဓ-ါးစာခံ ၃၂ ဦးအပါအဝင် ဓ-ါးစာခံ ၁၃၀ ခန့်ကျန်ရှိနေသေးသည်ဟု အစ္စရေးကယူဆထားသည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း အစ္စရေးဘက်မှ လူပေါင်း ၁,၁၆၀ ဦး‌ေ-သဆုံးကာ အများစုသည် အရပ်သားများဖြစ်ကြောင်းသိရှိရသည်။အစ္စရေး၏တုန့်ပြန်တိုက်ခိုက်မှုကြောင့်လည်း ပါလက်စတိုင်းဒေသခံပေါင်း ၃၁,၄၉၀ ဦးအထိ‌ေ-သဆုံးခဲ့ကာ အမျိုးသမီးများနှင့်ကလေ-းငယ်များသာဖြစ်သည်ဟုသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here