ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများ ပြည်တွင်းသို့ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်ပြုပေးနေ

0
102

ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများကို ပြည်တွင်းသို့ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မှတ်ပုံတင်လျှောက်ထားလာသည့်အခါ ပိုးသတ်ဆေး ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။

မတ်လ (၁၅)ရက်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည့် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး (၅)မျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို ပြည်တွင်းသို့ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မှတ်ပုံတင်လျှောက်ထားလာသည့်အခါတွင် ပိုးသတ်ဆေး ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုးသတ်ဆေးဥပဒေအရ လူ၊ တိရစ္ဆာန်၊ သီးနှံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ် မြင့်မားစေနိုင်ပြီး အဆိပ်အတောက်ပြင်းထန်သော ပိုးသတ်ဆေးများဖြစ်ပါက မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေး သို့မဟုတ် ကန့်သတ်သုံးစွဲသည့် ပိုးသတ်ဆေးများအဖြစ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကဆိုသည်။

ထို့ပြင်မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် Rotational Period လေးလနှင့်အထက်ဖြစ်နေသော Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthy lazine ပေါင်းသတ်ဆေး ငါးမျိုးကို မြန်မာနိုင်ငံ၌ သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေး (Banned Pesticide) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here