ပေါင်မြို့နယ်လုံးဆိုင်ရာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ စိုးလင်းဦး ၏ ဒို့ရိုးရာကလပ်မှ (၃) ဦး ပါဝင်ယှဉ်ပြိုင်မည်

0
177

မွန်ပြည်နယ်၊ ပေါင်မြို့နယ်လုံးဆိုင်ရာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦး၏ ဒို့ရိုးရာလက်‌ဝှေ့ကလပ်မှ ကစားသမား (၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ဒို့ရိုးရာ လက်ဝှေ့ကလပ် အသင်းက အသိပေးကြေညာထားသည်။

အဆိုပါ စိန်ခေါ်ပွဲကို ယခု မတ်လ (၁၉) ရက်၌ ပေါင်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

စိန်ခေါ်ပွဲတွင် အောင်ထက်ဦး(ဒို့ရိုးရာ)နှင့် မိုးဟိန်း(စက်ရုံ)၊ စောသန်းစိုး(ဒို့ရိုးရာ)နှင့် စစ်သွေး (စက်ရုံ)၊ အောင်ထွန်းဘို(ဒို့ရိုးရာ) နှင့် ကိုကို(စက်ရုံ)တို့ အသီးသီး ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ပြီးခဲ့သသည့် (၂၁) ကြိမ်မြောက် သဲပုံဘုရားပွဲ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အောင်ထက်ဦး(ဒို့ရိုးရာ)နှင့် Family ဝမ်ချိုင်းကလပ်မှ ရဲသွေးအောင်တို့ သုံးချီယှဉ်ပြိုင်ထိုးသ-တ်မှုတွင် ပူးတွဲသရေ ရလာဒ် ထွက်ပေါ်ခဲ့သည်။

အလားတူ ထွန်းလင်းအောင်(ဒို့ရိုးရာ)နှင့် ဟဲဘလူးထူး (ဒေါ နမဟာ)၊ စောထူးဇော်(ဒို့ရိုးရာ)နှင့် ဟဲကိုထူး (ဒေါနမဟာ)တို့ ပွဲစဉ်တွင်လည်း ပူးတွဲသရေ ရလာဒ်များသာထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဒို့ရိုးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here