တစ်ချိန်ချိန်တွင် ပြင်သစ်သည် ယူကရိန်း၌ မြေပြင်စစ်ဆင်ရေး ဆင်နွှဲလာနိုင်ကြောင်း ပြင်သစ်သမ္မတ ပြောကြား

0
184

ပြင်သစ်သမ္မတ အင်မန်နျူယယ်မက်ခရွန်က ပြင်သစ်သည် ယူကရိန်းတွင် မြေပြင်စစ်ဆင်ရေးကို တစ်ချိန်ချိန်တွင် လုပ်ဆောင်လာနိုင်သည်ဆိုခြင်းကို မိမိကငြင်းဆိုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဖြစ်နိုင်တယ်၊ တစ်ချိန်ချိန်မှာတော့ ဒါဟာ ဖြစ်လာနိုင်တယ်။ အဲဒါကို ကျွန်တော် မနှစ်သက်သလို ကိုယ်က စလုပ်မယ်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ဖို့အတွက် ယူကရိန်းပြည်တွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြင်သစ်သမ္မတက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “ပြင်သစ်ရဲ့ စွမ်းပကားက ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းမှာ ရှိတယ်”ဟုလည်း သူကပြောသည်။

“သေးငယ်သော နိုင်ငံများမဟုတ်ကြသည့် ဥရောပနိုင်ငံအများအပြားကလည်း ပြင်သစ်၏လမ်းစဉ်ကိုထောက်ခံကြောင်း” မက်ခရွန်က ပြောကြားခဲ့သည်။

“ဘယ်လိုအခြေအနေအတွက်မဆို ကျွန်တော်တို့ပြင်ဆင်ထားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီလိုမလုပ်တာကမှ အမှားအယွင်းတစ်ခုဖြစ်လာမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘယ်သူမဆိုဟာ ကိုယ်ရွေးချယ်ထားတဲ့ ပုံစံနဲ့လမ်းကြောင်းကို ဆက်လက်တာဝန်ယူမယ်ဆိုတာကတော့ သေချာပါတယ်” ဟုလည်း မက်ခရွန်က ပြောကြားခဲ့သည်။

မတ်လအတွင်း ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် ယူကရိန်းသို့ မြေပြင်တပ်များ စေလွှတ်ရန် ကိစ္စအကြောင်းဆွေးနွေးမှု ပါ၀င်သည့် အစည်းအဝေးတစ်ခုတွင် အနောက်နိုင်ငံ ၂၀ ခန့်မှ ကိုယ်စားလှယ်တို့သည် ယူကရိန်းအတွက် နောက်ထပ်အကူအညီများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း မက်ခရွန်ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ လက်ရှိအချိန်တွင်မူ ပါဝင်သူများ၏ သဘောတူညီမှုကို မရရှိခဲ့သော်လည်း နောက်ပိုင်းအနာဂတ်တွင်မူ ထိုကိစ္စကို သူတို့ပယ်ချန်ိုကြတော့မည်မဟုတ်ကြောင်းကိုလည်း ပြင်သစ်သမ္မတကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here