ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ (၂,၀၀၀) အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေးအကူအညီများ လိုအပ်နေဟုဆို

0
120

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်ပြည်သူ (၂,၀၀၀)အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေး အကူအညီများ လိုအပ်နေကြောင်း ဒေသတွ င်းစစ်ရှောင်အရေးဆောင်ရွက်နေသူများထံက သိရသည်။

အဆိုပါ စစ်ရှောင်များမှာ လက်ရှိတွင် ဝိုင်းမော်မြို့နယ်၊ သိမ်ကြီးစုဘုန်းကြီးကျောင်း၊ ဟိုတုံဘုန်းကြီးကျောင်း၊ သိုက်ကုန်းဘုန်းကြီးကျောင်းနှင့် မိုင်းနားကျေးရွာခရစ်ယာန်ဘုရားကျောင်းတို့၌ ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း ခြေထောက်ကျည်ဆံထိမှန်ထားသူ အမျိုးသမီးတစ်ဦးနှင့် ကျန်းမာရေးချို့တဲ့နေသည့် သက်ကြီးဘိုးဘွား အချို့အတွက် စောင့်ရှောက်မှုများဆောင်ရွက်ပေးနေရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် ဒေသခံပြည်သူများမှာ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ၊အောင်မြေ (၂ )နှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် တိုက်ပွဲအကြား (၅)ရက်ကြာ ပိတ်မိနေသူများဖြစ်ပြီး မတ်လ (၁၃) ရက်တွင် နှစ်ဘက်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ကယ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ကားအစီးရေ (၁၂၀ ) ကျော်ဖြင့် PCG ၊ ကေဘီစီ၊ ဝါရှောင်ဆရာတော် ၊အာရ်အိုင်ပီလူမှုကူညီရေးအသင်းနှင့် Volunteer လူငယ်များစွာပူးပေါ င်း၍ ဝိုင်းမော်မြို့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ဝါရှောင်ဆရာတော်


LEAVE A REPLY

Please enter your comment!
Please enter your name here