တောင်ကိုရီးယားတွင်ဆန္ဒပြခြင်းကိုထောက်ခံလျှက် ဆရာဝန်ကြီးများ ရာထူးမှ နုတ်ထွက်မည်

0
179

ဆိုးလ်၊မတ် ၁၆

တောင်ကိုရီးယားရှိဆေးရုံများအား ကမောက်ကမဖြစ်စေခဲ့သည့် တစ်လနီးပါးသပိတ်မှောက်မှုတွင် သင်တန်းသားဆရာဝန်များအား ထောက်ခံသည့်အနေဖြင့် မတ် ၂၅ ရက်မှစတင်ကာ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားအကြီးတန်းဆရာဝန်အဖွဲ့တစ်ဖွဲ့က မတ်လ ၁၆ ရက်တွင်ပြောကြားခဲ့သည်။

ဆေးကျောင်းသားဦးရေတိုးမြှင့်လိုက်ခြင်းဖြင့် ဆရာဝန်ရှားပါးမှုလျော့ပါးစေရန်ရည်ရွယ်သည့် အစိုးရ၏ပြုပြင်ပြောင်းလဲမှုကို ဆန္ဒပြသည့်အနေဖြင့်အလုပ်သင်ဆရာဝန်များသည် ပြီးခဲ့သည့်လ ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ကာ လုပ်ငန်းခွင်ဝင်ရောက်မှုရပ်နားခဲ့ကြသည်။

ယခုဆန္ဒပြမှုသည် အလုပ်ချိန်များလွန်းကာ လစာနည်းသော အသက်မွေးဝမ်းကျောင်းပညာရှင်များအတွက် နောက်ဆုံး‌မျှော်လင့်ချက်ကောက်ရိုးတစ်မျှင်သာဖြစ်သည်ဟုလည်း ဆရာဝန်များကဆိုသည်။

ဆရာဝန်များ၏ ဆန္ဒထုတ်ဖော်မှုများကြောင့် အရေးကြီးသည့်ခွဲစိတ်မှုများနှင့် ကုသမှုများကိုဖျက်သိမ်းလိုက်ရသော်လည်း ကျန်ရှိနေသည့် အချို့သူနာပြုများနှင့်အကြီးတန်းဆရာဝန်များအပြင် ကူညီရန်စေလွှတ်ထားသည့် စစ်ဘက်ဆိုင်ရာဆရာဝန်များ၏ကျေးဇူးကြောင့် နိုင်ငံ၏အဆိုးရွားဆုံးအကျပ်အတည်းကို ယခုအချိန်အထိ ရှောင်ရှားနိုင်ခဲ့သည်ဟုလည်းအစိုးရကပြောကြားခဲ့သည်။

အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုအား ထောက်ခံသည့်အနေဖြင့် တက္ကသိုလ်ပေါင်း ၂၀ မှ ဆေးဘက်ဆိုင်ရာပါမောက္ခများ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး မတ်လ ၂၅ ရက်တွင် မိမိတို့သဘောဆန္ဒအလျောက် နှုတ်ထွက်စာတင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရသည်။

Source : အေအက်ဖ်ပီ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here