Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeInternationalကင်မ်ဂျုံအန်းက လေကြောင်းစစ်ရေးလေ့ကျင့်မှုကိုကြီးကြပ် ၊တိုက်ပွဲအတွက်လက်တွေ့ကျကျ...

ကင်မ်ဂျုံအန်းက လေကြောင်းစစ်ရေးလေ့ကျင့်မှုကိုကြီးကြပ် ၊တိုက်ပွဲအတွက်လက်တွေ့ကျကျ ပြင်ဆင်ရန်ပြော

ဆိုးလ်၊မတ် ၁၆

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်သည် မတ်လ ၁၅ တွင် လေကြောင်းစစ်ရေးလေ့ကျင့်မှုအားကြီးကြပ်ခဲ့ပြီး တိုက်ပွဲအတွက် လက်တွေ့ကျသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

“စစ်ပွဲနဲ့တိုက်ရိုက်သက်ဆိုင်ပြီး လက်တွေ့ကျတဲ့ လေ့ကျင့်မှုကသာလျှင် စစ်သားတွေကိုစစ်မှန်တဲ့ တိုက်ခိုက်ရေးသမားတွေအဖြစ် ပြင်ဆင်ပေးနိုင်ပါလိမ့်မယ်” ဟု ကင်မ်ကပြောကြားခဲ့ကြောင်း KCNA ၏ ဖော်ပြချက်အရသိရသည်။

ဆက်လက်၍ ကင်မ်ဂျုံအန်းက မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်များ၏ အဆင်သင့် ဖြစ်မှုကို အားရကျေနပ်ကြောင်းနှင့် မြေမျက်နှာသွင်ပြင်၊ရာသီဥတု၊ အချိန်နှင့်အဆိုးရွားဆုံးအခြေအနေများကိုပါ ရင်ဆိုင်နိုင်မည့် လေ့ကျင့်ရေးများပြုလုပ်ရန်ပါညွှန်ကြားခဲ့သည်ဟုသိရသည်။

ကြာသပတေးနေ့ကပြီးဆုံးသွားသော တောင်ကိုရီးယားနှင့်အမေရိက တို့ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်၌ ပြုံယမ်း၏ ယခုလေ့ကျင့်‌ရေးဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

Freedom Shield စစ်ရေးလေ့ကျင့်မှုဟု လူသိများသော တောင်ကိုရီးယားနှင့်အမေရိကတို့၏ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ၂၀၁၈ ကချုပ်ဆိုခဲ့ပြီး နိုဝင်ဘာလက ပြုံယမ်းဘက်မှရုတ်သိမ်းခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အား ဖျက်သိမ်းလိုက်ပြီးနောက် ပထမဆုံးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။

Source : ရိုက်တာ/အာရ်ဂျေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေများမှာ ဒီဇင်ဘာ (၂၅)ရက် (၂၆) ရက်တို့တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ "တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က INVEST-98W နဲ့ INVEST-99W တို့သည်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ INVEST-91B သည်လည်းကောင်း ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေများအဖြစ် အစပျိုးခဲ့ပြီး ၎င်းတို့အားလုံး ဒီဇင်ဘာ (၂၅) ရက်ကျော်လျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071