ပင်လယ်နီ၌ ဟူသီတို့၏ဒရုန်းများအား ဖျက်ဆီးပစ်ခဲ့ –အမေရိကန်စစ်တပ်

0
154

ယီမင်ဟူသီသူပုန်များဘက်မှ မတ်လ ၁၆ ရက်တွင် ပစ်လွှတ်ခဲ့သည့် ဒရုန်းတစ်စီးအား ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်တပ်ကပြောကြားခဲ့ပြီး အခြားတစ်စီးသည် ပင်လယ်နီထဲသို့ ပျက်ကျနိုင်ခြေရှိသည်ဟုလည်းယူဆရကြောင်းဆိုခဲ့သည်။

သို့သော် ပစ်ခတ်မှုအနီးတစ်ဝိုက်တွင် သင်္ဘောများ ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ မတွေ့ရှိရကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) ကထုတ်ပြန်ကြေငြာခဲ့သည်။

ဆက်လက်၍ CETNCOM က ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်နယ်မြေများတွင် မောင်းသူမဲ့ရေယာဉ်ငါးစင်းနှင့် UAV တစ်စီးတို့ကို ဖျက်ဆီးပစ်ခဲ့ကြောင်းလည်း‌ပြောကြားခဲ့သည်။

“ဒီလက်နက်တွေက ကုန်သင်္ဘောတွေနဲ့ ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေကို ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်လို့ ယူဆတာမို့ အခုလိုတိုက်ခိုက်ခဲ့တာပါ” ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပင်လယ်နီအတွင်းဟူသီတို့၏တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ ကမောက်ကမဖြစ်ကာ ကုမ္ပဏီများအနေဖြင့် ဟူသီများအားရှောင်ကွင်းသွားလာနေရသောကြောင့် ကုန်ကျစားရိတ်များလည်းပိုမိုမြင့်တက်လာခဲ့သည်။

အဆိုပါအကြောင်းအရာကြောင့်ပင် အမေရိကနှင့်ဗြိတိန်တို့သည် ယီမင်ရှိဟူသီသူပုန်များအား တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအား နှောင့်ယှက်သည့်အတွက် တုန့်ပြန်တိုက်ခိုက်ခဲ့ကြခြင်းလည်းဖြစ်သည်ဟုဆိုသည်။

Source : ရိုက်တာ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here