ဧရာဝတီမြစ်လက်တက်ကြားတွင် ရေနစ်ပျောက်ဆုံးခဲ့သည့် အသက် (၁၇)နှစ်အရွယ် အမျိုးသားအား ရေငုပ်ရှာဖွေခဲ့ရာ အလောင်း ပြန်လည်တွေ့ရှိ

0
133

မကွေးမြို့နယ်၊ ချောင်းဖြူရွာနှင့် မယ်လှတောင်ရွာကြားရှိ ဧရာဝတီမြစ်လက်တက်ကြားတွင် ရေနစ်ပျောက်ဆုံးခဲ့သည့် အသက် (၁၇)နှစ်အရွယ် အမျိုးသားအား ရေငုပ်ရှာဖွေခဲ့ရာ အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

မတ်လ (၁၆)ရက်က ညနေ (၄)နာရီခွဲအချိန်ခန့်က ချောင်းဖြူရွာနှင့် မယ်လှတောင်ရွာကြားရှိ ဧရာဝတီမြစ်လက်တက်ကြားတွင် အမျိုးသား တစ်ဦး ရေနစ်သွား၍ လာရောက် ကူညီပေးပါရန် မိသားစုဝင်များမှ ဖုန်းဆက်အကူညီတောင်းခံချက်အရ အသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

၎င်းရေနစ်ပျောက်ဆုံးသူကို ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ အဆင့်မြင့် ရေငုပ်ပစ္စည်းများအသုံးပြု၍ ရေငုပ်ရှာဖွေပေးခဲ့ရာ မတ်လ (၁၇)ရက်တွင် De@d Body အား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ အခမဲ့ ဆက်လက်ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here