ပြည်တွင်းဈေးကွက်တွင် မြန်မာပုဇွန် နှင့် ထိုင်းပုဇွန်မျိုးစပ် ရေချိုပုစွန် Monosex ရောင်းဝယ်အားကောင်း

0
338

မြန်မာပုဇွန်နှင့် ထိုင်းပုဇွန်မျိုးစပ်ထားသည့် အထီးသီးသန့် ရေချိုပုစွန် Monosex များမှာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်အားကောင်းနေကြောင်း ပုဇွန်ရောင်းဝယ်ရေးအသိုင်းအဝိုင်းမှသိရသည်။

အဆိုပါ ပုဇွန်မှာ အထီးရာခိုင်နှုန်းများရန်အတွက် မျိုးဗီဇ ပြုပြင်ထားသည့် ရေချိုပုဇွန်များဖြစ်သည်။

အဆိုပါ ရေချိုပုဇွန်အမျိုးအစားကို ပြည်တွင်းတွင် စားသုံးသူပိုများနေကာ မြန်မာရေချိုပုဇွန်တစ်ပိသာမှာ လက်ကားဈေးကွက်၌ ကျပ် ၅၀၀၀၀ ဝန်းကျင် ဈေးပေါက်ချိန်တွင် အဆိုပါ မြန်မာ/ယိုးဒယားစပ် ရေချိုပုစွန် Monosex တစ်ပိသာလျင် ၂၆၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် ဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးနှုန်း ချိုသာသည့်အတွက် မွေးမြူရောင်းချသူနှင့် စားသုံးသူမြင့်တက်နေခြင်းဖြစ်ကြောင်းလည်း ပုဇွန်ရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါမြန်မာ ယိုးဒယားစပ်ရေချိုပုစွန် Monosex ကို (၈) လခန့် မွေးမြူရပြီး ကြီးထွားမှုနှုန်းအနေဖြင့် တစ်ကောင်လျင် ၅ ကျပ်သားခန့်အထိ ကြီးထွားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here