သွေးသစ်မောင်နှင့် ဖားဆိုဖွမ်းတို့၏ ယှဉ်ပြိုင်ထိုးသ-တ်မှုတွင် သွေးသစ်မောင် အမှတ်ဖြင့် ရှုံးနိမ့်

0
154

ယနေ့ မတ်လ (၁၇)ရက်တွင် ကမ္ဘောဒီယားနိုင်ငံ၊ဖနွမ်းပင်မြို့ ၌ ကျင်းပသည့် ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ သွေးသစ်မောင်နှင့် ခွန်ခမာလက်ဝှေ့ချန်ပီယံ ဖားဆိုဖွမ်းတို့၏ ခမာလက်ဝှေ့ပြိုင်ပွဲတွင် သွေးသစ်မောင်မှ ပြိုင်ဘက်ကမ္ဘောဒီယားနိုင်ငံသားအား ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ပွဲစဉ် ပထမအချီ စတင်ချိန်၌ သွေးသစ်မောင်အနေဖြင့် သူတင်ကိုယ်တင် ထိုးသ-တ်နိုင်ခဲ့သော်လည်း ဒုတိယအချီနှင့် တတိယအချီတွင် သွေးသစ်မောင်ဘက်မှ ပြိုင်ဘက်ထက် လက်ရေနိမ့်ကျလာသည်ကို တွေ့မြင်ရသည်။

“မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။သွေးသစ်မောင် အမှတ်နဲ့ ရှုံးပါတယ်။ ဒီပွဲမှာ သွေးသစ်မောင် နိမ့်ပါတယ်။ ပထမ အချီမှာ သူတင်ကိုယ်တင် ထိုးနိုင်သလိုရှိပေမယ့် ဒုတိယအချီနဲ့ တတိယအချီမှာ အတော်နိမ့်ပါတယ်။ အလဲထိုးမခံရတာပဲ တော်သေးတယ်လို့ ဆိုရမှာပါပဲ။”ဟု လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသ-တ်ရာတွင် ခွန်ခမာလက်ဝှေ့စည်းမျဉ်းအတိုင်း (၃)မိနစ် (၃)ချီဖြင့် အလဲထိုးအနိုင်ယူစနစ်ဖြစ် ကစားကြခြင်းဖြစ်သော်လည်း နောက်ဆုံးအချီထိ အနိုင်အရှုံးမပေါ်သည့်အတွက် သွေးသစ်မောင် ဒိုင်မှတ်ဖြင့် အရေးနိမ့်ရခြင်းဖြစ်သည်။

ခွန်ခမာလက်ဝှေ့ချန်ပီယံ ဖားဆိုဖွမ်းသည် အဲမွီးနှင့်ထိုးသ-တ်သည့် ပွဲစဉ်တွင်လည်း ဒိုင်မှတ်ဖြင့် အနိုင်ယူထားသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here