ချန်ပီယံဆုရှင် မြဝတီအမျိုးသမီးဘောလုံးအသင်း နည်းပြချုပ် ဦးဧရာမောင်အား အစားထိုးခန့်အပ်

0
165

2023 Myanmar Women League အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံဆုရှင် မြဝတီ အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်နေရာအတွက် ဦးဧရာမောင်အား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။

အသင်းနည်းပြချုပ်ဖြစ်လာသူ ဦးဧရာမောင်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ယခင်နည်းပြချုပ် ဦးဇင်ထူး၏ နေရာတွင် နည်းပြဦးဧရာမောင်နှင့်ပြော င်းလဲခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နည်းပြတစ်ယောက်အနေနဲ့ အမျိုးသားအသင်းပဲဖြစ်ဖြစ်၊ အမျိုးသမီး အသင်းပဲဖြစ်ဖြစ် ကမ်းလှမ်းလာမှုအပေါ် ကြည်ဖြူစွာလက်ခံတယ်။ မြဝတီအသင်းက ချန်ပီယံအသင်းဖြစ်တဲ့အတွက် ဖိအားနည်းနည်းတော့ ရှိတာပေါ့။ ဒါက စိန်ခေါ်မှုတစ်ခု ပါပဲ”ဟု ပြောကြားထားသည်။

အသင်းနည်းပြချုပ် ဖြစ်လာသူ ဦးဧရာမောင်သည် ပြီးခဲ့သည့် ၂၀၂၃ ဘောလုံးရာသီတွင် ရက္ခပူရအသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့သည့်အပြင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသားအသင်း လက်ထောက်နည်းပြ၊ ရန်ကုန်ယူနိုက်တက် လူငယ်စီမံကိန်း နှင့် အကယ် ဒမီနည်းပြချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here