မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ရာ ကီလိုမီတာ ၃၅၀ အထိရောက်ရှိ

0
197

အတည်ပြုထားသော အချက်အလက်များအရ မြောက်ကိုရီးယားစစ်တပ်သည် ယနေ့တနင်္လာနေ့အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်သုံးစင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြထားသည်။

ဒုံးကျည်များသည် အမြင့် ၅၀ ကီလိုမီတာအထိ နှင့် အကွာအဝေး ကီလိုမီတာ ၃၅၀အထိ လွှမ်းခြုံရောက်ရှိကြောင်း သိရသည်။

ယင်းဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းနှင့် မနီးမဝေးတွင် ပင်လယ်တွင်းသို့သက်ဆင်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

ဂျပန်နိုင်ငံ၏ NHK ရုပ်မြင်သံကြားအဆိုအရမူ ယင်း ဒုံးကျည်များသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များကို ဇန်နဝါရီ ၁၄ ရက်က နောက်ဆုံးပစ်လွှတ်ခဲ့ခြင်းဖြစ်ကာ၊ အသံထက်မြန်သော လောင်စာခဲသုံး ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here