အင်ဒိုနီးရှားနိုင်ငံရှိ ဝိဟာရ ဝိပဿနာ ဂီရိရတနာကျောင်း၌ ပြုလုပ်သည့် ကျောင်းဆောင် အုတ်မြစ်ချ အခမ်းအနားနှင့် ရဟန်းခံပွဲသို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် တက်ရောက်

0
161

အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာဝိပဿနာ ကျောင်းတော်အဖြစ် တရားဝင်သတ်မှတ်ခံရထားရသည့် ဝိဟာရ ဝိပဿနာ ဂီရိရတနာ ကျောင်း၌ ပြုလုပ်သည့် ကျောင်းဆောင် အုတ်မြစ်ချ အခမ်းအနားသို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့ရှိ ဝိဟာရ ဝိပဿနာ ဂီရိရတနာကျောင်း၌ မတ်လ (၁၆)ရက်က ပြုလုပ်သည့် ကျောင်းဆောင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားနှင့် သံဃာအပါး (၅၀) ရ ဟန်းခံ သိမ်တက် မင်္ဂလာအခမ်းအနားများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဝိဟာရ ဝိပဿနာ ဂီရိရတနာ ကျောင်းတော် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာဝိပဿနာကျောင်းတော်အဖြစ် တရားဝင်သတ်မှတ်ခံထားရကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင် အုတ်မြစ်ချ အခမ်းအနားကို အင်ဒိုနီးရှား နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များမှ ကမကထပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ထိုင်းအမြဲတမ်း ကိုယ်စားလှယ် H.E. Urawadee Sriphiro mya တို့မှ အုတ်မြစ်ချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here