ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွား

0
165

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊ ၆၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ပုဗ္ပာရုံကျောင်းတိုက်တွင် ယနေ့ နေ့လယ်ပိုင်းက Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ မတ်လ (၁၈)ရက်၊ နေ့လယ် (၂)နာရီ (၁၅)မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံ မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းများမှ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“Level 1 အဆင့် ပြောတယ်ဗျ။ ဘုန်းကြီးကျောင်း ထပ်ခိုးမှာ မီးက ဆွဲနေတာတွေ့ရတယ်။ နယ်မြေခံ မီးသတ်တပ်ဖွဲ့တွေ လူမှုကူညီရေးအသင်းတွေလည်း တော်တော်လေး ကြိုးပမ်းပြီး ငြှိမ်းသတ်ခဲ့ရတယ်။”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုအား Level 1 အဆင့်ကို ထွက်ခွာငြှိမ်းသတ်ရာ နေ့လယ် (၂)နာရီ (၃၄)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၂)နာရီ၊ မိနစ် (၄၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးကြွင်း၊ မီးကျန်များ မထားကြရန်၊ ပေါက်ပြဲနေသည့် လျှက်စစ်မီးကြိုးများရှိပါက အချိန်မှီ ပြုပြင်ထားကြရန် သက်ဆိုင်ရာ မြို့နယ်အလိုက် မီးသတ်တပ်ဖွဲ့များမှလည်း မီးဘေးအန္တရာယ်ကြိုတင်သတိပေးချက်များ ထုတ်ပြန်လျက်ရှိကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here