ရွှေစက်တော်ဘုရားပွဲရာသီတွင် ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်များအား ဝင်ရောက်လေ့လာနိုင်

0
136

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးစာရင်းဝင်ဒေသရင်းမျိုးစိတ် မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော် ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့ တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။

ကြယ်လိပ်များကို ဖမ်းဆီးသ-တ်-ဖြ-တ်ခြင်း၊ တောခွေးများက ဖမ်းဆီးကို-က်ဖြ-တ်စားသောက်ခြင်း၊ အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိသစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေ ပြုလုပ်လာခြင်းတို့ကြောင့် မျိုးတုန်းပျောက်ကွယ်နိုင်သည့် အခြေအနေများရှိကြောင်း သိရသည်။

ထို့ကြောင့် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက်ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထိန်းသိမ်းထားပြီးရွှေစက်တော် ဘုရားပွဲတော်ရာသီတွင် ဘုရားဖူးရင်း တစ်ဆက်တည်း ကြယ်လိပ်များကိုပါ လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင်သာတွေ့ရသောဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။

မြန်မာ့ ကြယ်လိပ် (Burmese Star Tortoise) များကို ဒေသသုံး အမည်များအဖြစ် မြလိပ်၊ ဆီချို လိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တော တို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here