မြန်မာ့လက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းခြေစမ်းပွဲ လက်ရွေးစင်အသင်း နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရ

0
153

ယမန်နေ့ မတ်လ (၁၇)ရက် ညနေပိုင်းက မြန်မာ့လက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းက (၂)ဂိုး (၁)ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပွဲစဉ်အတွင်း မြန်မာ့လက်ရွေးစင်အသင်းမှ ဥက္ကာနိုင် နှင့် ကျော်ကိုကို တို့က တစ်ဂိုးစီသွင်းယူခဲ့သလို၊ ရှမ်းယူနိုက်တက်အသင်းမှ မက်ခ်ဆာခီ က ချေပဂိုး (၁)ဂိုး ပြန်လည်သွင်းယူခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းသို့ ရှမ်းယူနိုက်တက်အသင်းရှိ ကစားသမားများပေးထားရပြီး၊ လက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယခု မတ်လ (၂၁)ရက်တွင် ဆီရီးယားအသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမ ကစားသမား (၃၅) ဦးကို ရွေးချယ်ထားပြီး ကစားသမား စာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား (၂၂) ဦး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား (၁၃) ဦး စုစုပေါင်း (၃၅) ဦးတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။

အလားတူ အဝေးကွင်းပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့၌ မတ်လ (၂၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here