ဇလန်းစကီး ကို ‘သမိုင်းတွင်အကြီးကျယ်ဆုံးအရောင်းသမား’ အဖြစ် ထရမ့်လှောင်ပြောင်

0
197

ယူကရိန်းသမ္မတ ဇလန်းစကီးကို “သမိုင်းတွင် အကြီးကျယ်ဆုံး အရောင်းသမား” ဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လှောင်ပြောင် ခေါ်ဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်တွင် စနေနေ့က ပြုလုပ်ခဲ့သော လူထုစည်းဝေးပွဲတစ်ခု၌ ထရမ့် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် Trump သည်လှောင်ပြောင်သောလေသံဖြင့် “ငါမင်းကိုပြောတယ်၊ ဇလန်းစကီး ကသမိုင်းမှာအကြီးမြတ်ဆုံးအရောင်းသမားတစ်ယောက်ပါ။ သူနိုင်ငံကို ရောက်တိုင်း ဒေါ်လာ ဘီလီယံ ၅၀ ဒါမှမဟုတ် ၆၀ လောက် ထွက်သွားကြတာချည်းပဲ”ဟု ထပ်ပြောသည်။

“ကျွန်တော် စီးပွားရေးသမားတစ်သက်လုံးလုပ်လာတာ ဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ သူက ကျွန်တော့်ထက် ပိုကောင်းတဲ့ အရောင်းသမားတစ်ယောက်ပါ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

“သူတို့ကို ငွေချေးပါ၊ ဒေါ်လာ ဘီလီယံ ၆၀ ရှိတဲ့ ချက်လက်မှတ်ကို မပေးပါနဲ့” ဟုလည်း ထရမ့်က ဆိုသည်။

ရုရှားကို တန်ပြန်ထိုးစစ်ဆင်ရန်အတွက် ယူကရိန်းအား အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုရန် တောင်းဆိုချက်အပေါ် သူက ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။

ယူကရိန်းအား ချေးငွေများ ပေးအပ်ခြင်းသည် ရိုးရှင်းစွာ “ချက်လက်မှတ်များ လွှဲပြောင်းပေးခြင်း” နှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုဖြစ်မည်ဟု ထရမ့်ကထောက်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here