ယာယီနေရပ်စွန့်ခွာကလေ-းငယ်များ စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်ရန် ကလေ-းပျော်စင်တာဖွင့်လှစ်

0
118

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာကလေ-းငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်ရန် ရည်ရွယ်၍ ကလေ-းပျော်စင်တာ ဖွင့်လှစ်ပေးထားကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံက သိရသည်။

အဆိုပါ စင်တာမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာလာကြရသော အိမ်ထောင်စုများရှိ ကလေ-းငယ်များအတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေ-းပျော်စင်တာကို တစ်ပတ်လျှင် (၂)ကြိမ် အပတ်စဉ်ဖွင့်လှစ်ထားမည်ဖြစ်ပြီး၊ ကလေ-းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ စင်တာတွင် စစ်ကိုင်းမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသော မိသားစုဝင်များမှ အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်း ကလေ-းနှင့် မသန်စွမ်းကလေးများပါဝင်သည့် ကလေ-းသူငယ် (၆၀)ခန့်တို့အား စိတ်ပိုင်းဆိုင်ရာ အားပေးကူညီနိုင်မည့် ကစားနည်းများ ကစားခဲ့ကြကြောင်း သိရသည်။

ယင်း စင်တာများကို ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဖာရိုကျွန်းစု ကြက်ခြေနီအသင်းတို့၏ အထောက်အပံ့ဖြင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မတ်လ လဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here