သန်လျင်တံတားအဆင်း တိုင်းရင်းသားကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွား

0
225

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သန်လျင်တံတားအဆင်းတွင် ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

မတ်လ (၁၈) ရက်၊ ည (၆)နာရီ (၅၇) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိနစ် (၄၀) ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ဆီဘောက်ဆာ မီးလောင်တာ အဲဒီကနေ ဒီဇယ်ဆီတွေ ဖိတ်ကျပြီး အနီးက အလုပ်သမားတန်းလျားပုံစံမျိုးပေါ့။ အဲဒီကို မီးကူးစက်ပြီး လောင်တာပေါ့။ သစ်ပင်တွေလည်း လောင်သွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ တန်းလျားတစ်ခုလုံးတော့ ဆုံးရှုံးသွားခဲ့ရတယ်”ဟု အနီးဝန်းကျင်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ ည (၇)နာရီ (၃၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၇)နာရီ (၃၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာ မီးလောင်မှုနှင့်ပတ်သက်၍ အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here