၂၀၂၄ ၌ ကမ္ဘာ့လိုအပ်ချက်များအတွက် အီးယူက ယူရို ၇ ဒသမ ၇ ဘီလျံသုံးရန်ကတိပြု

0
119

ဘရပ်ဆဲလ်၊မတ် ၁၈

ဥရောပသမဂ္ဂသည် ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ယူရို ၇ ဒသမ ၇ ဘီလျံ (ကန်ဒေါ်လာ ၈ ဒသမ ၃၉ ဘီလျံ) အား သုံးစွဲရန်ကတိပြုခဲ့သော်လည်း ဂါဇာအရေးအပါအဝင် ကမ္ဘာတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်ချက်မြင့်တက်လာနေချိန်တွင် အီးယူသုံးစွဲသည့်ပမာဏသည် ယမန်နှစ်ကထက်နည်းသောရန်ပုံငွေဖြစ်သည်ဟုလည်းသိရသည်။

ယမန်နှစ်ကမူ အဖွဲ့ဝင်နိုင်ငံများနှင့် အမှုဆောင်ကော်မရှင်သည် စုစုပေါင်း ယူရို ၈ ဒသမ ၄ ဘီလျံကထိသုံးစွဲရန် ကတိပြုခဲ့သော်လည်း ယခု ကဲ့သို့ လျှော့ချလိုက်သည့်အပေါ် မည်သည့်အကြောင်းပြချက်မှ မပေးသေးကြောင်းလည်းသိရသည်။

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသည့် ပမာဏသည် သန်း ၃၀၀ ရှိပြီး အဆိုပါပမာဏနှင့် နှိုင်းယှဥ်လျှင် ရန်ပုံငွေကွာဟချက်သည်  အမေရိကန်ဒေါ်လာ ၅၀ ဘီလျံနီးပါးရှိနိုင်သည်ဟုလည်း ကုလသမဂ္ဂက ပြောသည်။

အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ မစ္စတာ ဂျိုးဇက်ဘိုဝဲလ်ကမူ ယခုအချိန်၌ အကူအညီလိုအပ်နေသူအရေအတွက်သည် ယခင်ကထက်ပိုမိုများပြားလာနေကြောင်းပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင် ဒေသ၏အခြေအနေမှာ အထူးစိုးရိမ်စရာဖြစ်နေကြောင်းပြောကြားခဲ့သည်။

“ဂါဇာရဲ့အခြေအနေက အငတ်ဘေးကြုံရနိုင်တဲ့အခြေအနေမဟုတ်တော့ပါဘူး။  အငတ်ဘေးကြုံနေရတဲ့အခြေအနေပါ” ဟု၎င်းကဆိုပြီး အစ္စရေးသည် ငတ်မွတ်ခေါင်းပါးမှုအား စစ်ပွဲ၏လက်နက်တစ်ခုပမာ အသုံးချနေသည်ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here