AFC Futsal Asain Cup 2024 ပြိုင်ပွဲဝင်ခွင့်ရ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ခြေစမ်းပွဲကစားမည်

0
159

AFC Futsal Asain Cup 2024 ပြိုင်ပွဲဝင်ခွင့်ရရှိထား‌သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယခု မတ်လ (၃၀)ရက်နှင့် (၃၁)ရက်‌တို့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းအတွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခု ခြေစမ်းပွဲသည် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ဒုတိယအကြိမ် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ပထမအကြိမ်၌ အင်ဒိုနီးရှားနိုင်ငံတွင် ခြေစမ်းပွဲ (၃)ပွဲကစားခဲ့ရာ (၂) ပွဲရှုံးပြီး (၁) ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်ချုပ်နည်းပြအဖွဲ့ဝင် (၉)ဦး၊ ကစားသမား(၂၀)ဦးဖြင့် စုဖွဲ့ထားကာ AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ် အသင်းနှင့် တရုတ်အသင်းတို့ကို ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။

ပြိုင်ပွဲအတွက် မတ်လ(၁၈)ရက် နံနက်ပိုင်းတွင် သုဝဏ္ဏ အားကစားကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်နေကြပြီး အာဖဂန်နစ္စတန်အသင်းနှင့် ပွဲ့ကြိုခြေစမ်းကစားကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here