၂၀၂၄ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
92

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယခု မတ်လ(၂၀ )ရက် မှ ဧပြီလ (၁) ရက်အထိ ၂၀၂၄ ခုနှစ် ငြိမ်းချမ်းရေး ဖလားချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဘားအံမြို့ လွှာကမြှင် ရပ်ကွက် ပြည်နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ- (KNU/ KNLA-PC )၊ ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ဆိုင်းဘုတ်တော့ ထောင်ထားတာတွေ့ပါတယ်။ အသင်းတွေအနေနဲ့ကတော့ လက်နက်ကိုင် အဖွဲ့တွေနာမည် ပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့တွေ အပျော်တမ်း ကစားကြတဲ့ သဘောပါ။ ဒီအတွက်လည်း ဘာမှပြောစရာမရှိပါဘူး။”ဟု ဘားအံမြို့ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဆိုသည့် ပိုစတာကိုလည်း စိုက်ထူးထားပြီး ယှဉ်ပြိုင် ကစားကြမည့် လက်နက်ကိုင်အသင်းများ၏ အမည်များကိုလည်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here