ဝယ်ယူမှု မြင့်တက်နေသည့်သကြား မန္တလေးဈေးကွက်အတွင်း ပိုမို ရောင်းချနေရဟုဆို

0
190

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်သကြားများကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝယ်ယူမှုများပြားနေကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်း/ပြည်ပဝယ်လိုအား မြင့်တက်နေခြင်းကြောင့် သကြားတစ်ပိသာလျှင် ၄၂၀၀ မှ ၄၃၀၀ အထိဈေးရရှိနေပြီး နိုဝင်ဘာလကုန်မှ ဧပြီလဆန်းအထိ ကြံကြိတ်ရာသီဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကြံရာသီတွင် ပြည်ပသို့ တန်ချိန် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တင်ပို့ရန် ခန့်မှန်းထားပြီး လက်ရှိအချိန်ထိ ၃၅ ရာခိုင်နှုန်းအထိ တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ သကြားကို ဗီယက်နမ်သို့ အဓိက တင်ပို့နေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံများက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးနေခြင်းဖြ စ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here