Saturday, March 29, 2025

ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအတွက်ယူရို (၂.၅)သန်း ကူညီမည်

မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို (၂.၅) သန်းကို ဥရောပသမဂ္ဂအနေဖြင့် အရေးပေါ်အကူအညီအဖြစ် ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း European Union in...

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု အိိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖုန်းဖြင့်...

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု ယနေ့မတ်လ(၂၉)ရက်၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။ ထိုဆက်သွယ်ပြောကြားမှုတွင် အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ...

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း အိမ်ခြေ (၅၀၀)ခန့်...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယမန်နေ့ မတ် လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ (၅၀၀)ခန့် ပျက်စီး ဆုံးရှုံးကြောင်းနှင့်...

MNA မှကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ သယ်ဆောင်ရန် ပြည်တွင်း၊...

မြန်မာလေကြောင်းလိုင်း (MNA) အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ သယ်ဆောင်ရန် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ အခမဲ့ ပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။ မြေငလျင်ဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ နှင့် ဆေးဝါးများ...
HomeNewsLocal Newsသတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ...

သတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်း

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Update Forever Co ,ltd နှင့် Ngee Boom ကို မတ်လ ၁၈ ရက်နေ့မှစတင်ကာ လိုင်စင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားခြင်းဖြစ်သ ည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂ ကိုဖောက်ဖျက်သည့်အတွက် Ngee Myinn Phyu Co.,ltd ၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် အား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအပုဒ်မ ၃၅ (ခ) အရ ၂၀ ၂၄ ခုနှစ် မတ်လ (၁၂) ရက်မှစတင်ကာ ခြောက်လဆိုင်းငံ့ခဲ့‌ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာခြင်းမရှိသည့် Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer လေးခုအား ဥပဒေပါအချက်များ လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သည့်အတွ က် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည့်အပြင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေပြီး ပြည်ပသို့သွားရောက်မည့်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံ ခြားငွေကြေးများကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအတွက်ယူရို (၂.၅)သန်း ကူညီမည်

မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို (၂.၅) သန်းကို ဥရောပသမဂ္ဂအနေဖြင့် အရေးပေါ်အကူအညီအဖြစ် ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း European Union in Myanmar မှထုတ်ပြန်ထားသည်။ ယခုထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများအပေါ် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိပြီး ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ...

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု အိိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖုန်းဖြင့် ဆက်သွယ်ပြောကြား

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့သည့်အပေါ် များစွာကြေကွဲဝမ်းနည်းရသည်ဟု ယနေ့မတ်လ(၂၉)ရက်၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။ ထိုဆက်သွယ်ပြောကြားမှုတွင် အိိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ က မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည် ကြောက်မက်ဖွယ်ဆိုးရွားသည့် ငလျင် လှုပ်ခတ်မှုကို ကြားသိခဲ့ရအတွက် အိန္ဒိယနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ ထိခိုက်ပျက်စီးဆူံရှုံးမှုအပေါ်များစွာကြေကွဲဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။ OperationBrahma၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိသည် ဟုပြောကြားခဲ့ကြောင်းသိရသည်။ " အဆွေတော်အခုလိုအားပေးစကားပြောတာရယ် နောက် သတင်းဌာနတွေမှာလည်း အဆွေတော်တို့ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ လူတွေလွှတ်ပြီးဆိုတာ ကျွန်တော် အများကြီးအားရှိပါတယ်။"ဟု နစက...

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း အိမ်ခြေ (၅၀၀)ခန့် ပျက်စီး၊ ဒေသခံ (၄၀)ဦးကျော် အသက်ဆုံးရှူံးမှုများရှိနေဟုဆို

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယမန်နေ့ မတ် လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ (၅၀၀)ခန့် ပျက်စီး ဆုံးရှုံးကြောင်းနှင့် ဒေသခံပြည်သူ (၄၀) ဦးကျော်အသက်ဆုံးရှူံးမှုရှိနေသည်ဟု မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။ အဆိုပါ ပျက်စီး/အသက်ဆုံးရှုံးမှုများသည် ယမန်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရရှိထားသည့် အရေအတွက်ဖြစ်ပြီး၊ နန့်ပန်ကျေးရွာတစ်ရွာတည်း၌ပင် (၄၁)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း နှင့် ယနေ့ထပ်မံကယ်ဆယ်ရရှိသည့် စာရင်အရေအတွက်ကိုမူ ပြုစုနေသေးကြောင်း ၎င်းကပြောသည်။ ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်းရှိ ‌ကလောကျေးရွာအပါအဝင် ဇရပ်ကြီး၊ ရှေ့ဝကြီး၊ နန်းပန်ပေါက်ပါး၊ နန်းပန်ကြာတောကျေးရွာများ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071