အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲသို့ မြန်မာ ပါဝင်ဆွေးနွေး

0
121

အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (Asia Cooperation Dialogue-ACD) အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မတ်လ (၁၈)ရက် နေ့လယ် (၁)နာရီခွဲအချိန်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ခြင်းဖြစ် သည်။

အစည်းအဝေးတွင် အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ လမ်းပြမြေပုံ ၂၀၃၀ (ACD Blueprint 2030) အား အကောင်အထည်ဖော်ရေးနှင့် လုပ်ငန်းအဖွဲ့ခွဲများ၏ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ အတွင်းရေးမှူးချုပ်ရုံး လည်ပတ်ရေးဆိုင်ရာ အခြေခံမူများအား အပြီးသတ် ဆွေးနွေးရေးကိစ္စရပ်များ၊ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့၏ အတွင်းရေးမှူးချုပ်သစ် ခန့်အပ်ခြင်းဆိုင်ရာကိစ္စရပ်များ ထည့်သွင်းဆွေနွေးသည်။

၎င်းနောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ထင်ပေါ်ကျော်ကြားသူများအဖွဲ့ (Eminent Persons Group) တည်ထောင်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းလည်း သိရသည်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (Asia Cooperation Dialogue-ACD) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လအ တွင်းက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့တွင် အရှေ့တောင်အာရှဒေသ၊ အရှေ့ အလယ်ပိုင်းဒေသနှင့် အရှေ့အာရှဒေသတို့မှ နိုင်ငံပေါင်း (၁၈) နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ စတင်တည်ထောင်စဉ်ကပင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး၊ ယခုအခါ အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၃၅) နိုင်ငံရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here