ဂါဇာကမ်းမြောင်တွင် နေထိုင်သူ ၁.၁ သန်းကျော် ကပ်ဘေးအငတ်ဘေးနှင့် ရင်ဆိုင်နေရဟု ကုလသမဂ္ဂ အကြီးအကဲပြောကြား

0
123

ဂါဇာကမ်းမြောင်ဒေသရှိ လူများအနက် အနည်းဆုံး လူ ၁,၁၀၀,၀၀၀ တို့ သည် ၎င်းတို့၏ စားနပ်ရိက္ခာများ ကုန်ခန်းကာ ကပ်ဘေးအငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ဂါဇာရှိ ပါလက်စတိုင်းအားလုံး၏ ထက်ဝက်ကျော်၊ လူ ၁.၁ သန်းသည် ၎င်းတို့၏ စားနပ်ရိက္ခာ ရိက္ခာများ လုံး၀ ကုန်ဆုံးကြပြီး ကပ်ဘေး ငတ်မွတ်မှု နှင့် ရင်ဆိုင်နေရသည်။ အစီရင်ခံစာများအရ ဂါဇာရှိ ပါလက်စတိုင်းများသည် ကြောက်မက်ဖွယ်ရာ ငတ်မွတ်မှု နှင့် ဝေဒနာကို ခံစားနေကြရသည်” ဟု သူကဆိုသည်။ “ဂါဇာတခွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေကို အပြည့်အ၀ စွက်ဖက်မှုကင်းမဲ့စွာ သုံးစွဲနိုင်စေဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံအားပေးဖို့ အစ္စရေးအာဏာပိုင်တွေကိုတောင်းဆိုပါတယ်” ဟုလည်း ဂူတာရက်စ်က အလေးပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကြီးအကဲ က “ဒါဟာ ကပ်ဘေး ငတ်မွတ်ခေါင်းပါးမှု အများဆုံး ကြုံတွေ့နေရတယ်ဆိုတဲ့ အရေအတွက်ပဲ ဖြစ်တယ်” လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ “ခုလိုဖြစ်ရတာ အားလုံးဟာ လူလုပ်ဘေးဒုက္ခကြောင့်သာ ဖြစ်ပြီး၊ ဒါကို ရပ်တန့်နိုင်တယ်ဆိုတာကို ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ရှင်းလင်းထားပါတယ်။ ဒီနေ့ အစီရင်ခံစာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလိုအပ်မှုအတွက် သက်သေပြနေတာပါပဲ” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here