ပြည် – ရန်ကုန်ကားလမ်းမပေါ်တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်တို-က်မိပြီး ယာဉ်မောင်းနှင်လာသည့် ဆရာတော် နေရာ၌ပင် ပျံလွန်တော်မူ

0
193

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည် – ရန်ကုန်ကားလမ်းမပေါ်တွင် ဦးဇင်းတစ်ပါး မောင်းနှင်လာသည့် ယာဉ်မှာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်ကို ဝင်တို-က်မိခဲ့သည့်အတွက် ယာဉ်မောင်းနှင်လာသည့် ဦးပဇင်းမှာ နေရာတွင်ပင် ပျံလွန်တော်မူခဲ့သွားကြောင်း ပြည်မြို့ဒေသခံများထံမှ သိရသ ည်။

ထို့အပြင် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ဥပဇင်း (၁) ပါး၊ ကိုရင် (၁) ပါး၊ သီလရှင် (၂) ပါးနှင့် ဖိုးသူတော် (၁) ပါးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ပြည်မြို့အဝင်၊ ဆင်မကြပ်လမ်းဆုံအနီး၊ မြို့ရှောင်လမ်း၊ ပြည် – ရန်ကုန်ကားလမ်းမပေါ်တွင် မတ်လ (၁၈)ရက်၊ ည (၈) နာရီ(၄၀)မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်လာရောက် ကူညီပေးရန် ဆက်သွယ်အကြောင်းကြားချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)၊ ပရဟိတပါရမီမှ အရေးပေါ် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းလာရင်း အရှိန်လွန်ပြီး လမ်းဘေး သစ်ပင်ကို ဝင်တို-က်မိတာမှာ ယာဉ်မောင်းလာတဲ့ ဦးဇင်းက နေရာမှာတင် ပျံလွန်တော်မူခဲ့ရတယ်။ ယာဉ်ပေါ်ပါတဲ့ နောက် ဦးဇင်းရယ်၊ ကိုရင်လေး ၁ ပါး၊ သီလရှင် ၂ ပါး၊ ဖိုးသူတော်လေးတို့ ဒဏ်ရာရခဲ့တာ ဆေးရုံကို ပို့လိုက်ရတယ်။”ဟု အနီးဝန်းကျင်ရှိ ပြည်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်မောင်းနှင်လာသည့် ဦးဇင်းမှာ ပျံလွန်တော်မူခဲ့ရပြီး ယာဉ်ပေါ်ပါ ဦးဇင်း (၁)ပါး၊ ဆရာလေး (၂) ပါး၊ ကိုရင်လေး (၁)ပါး၊ ဖိုးသူတော် (၁) ပါးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် မြေပြင်အရေးပေါ်လိုအပ်သည်များ ပြုစုကူညီပေး၍ ဆေးကုသမှုခံယူရန် ပြည်မြို့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here