သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ဘိုင်ဒင် လက်ခံကျင်းပမည်

0
188

ဝါရှင်တန်၊မတ် ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မတ်လ ၁၈ ရက်တွင်ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်၊ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့၏ ဧပြီ ၁၁ ရက်၌ပြုလုပ်မည့် အိမ်ဖြူတော်၌တွေ့ဆုံမှုသည် အာရှ – ပစိဖိတ် မဟာမိတ်များနှင့် ဆက်တိုက်တွေ့ဆုံမှုအတွင်းနောက်ဆုံးအကြိမ်ဖြစ်သည်။

လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသအတွက် ဘုံအမြင်များအပါအဝင် နက်ရှိုင်းသော သမိုင်းဝင်ချစ်ကြည်ရင်းနှီးမှုအပေါ် တည်ဆောက်ထားသည့် သုံးနိုင်ငံ မိတ်ဖက်ဆက်ဆံရေးကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် Karine Jean-Pierre ကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အားလုံးနီးပါးသည် ၎င်း၏ အချုပ်အခြာ အာဏာပိုင်ဖြစ်ကြောင်း တရုတ်ကအခိုင်အမာဆိုကာ ၎င်း၏ တစ်စ တစ်စကြီးထွားလာနေသော ပါဝါကြောင့်လည်း အမေရိကန်ပြည်ထောင်စုသည် အာရှ-ပစိဖိတ်ဒေသ၏လွတ်လပ်မှုအား အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်နှင့်ပေကျင်းကြား၌လည်း နှစ်နိုင်ငံသင်္ဘောများ အပြိုင်အဆိုင်ဖြစ်နေသည့် သန္တာကျောက်တန်းများအနီး၌ ထိပ်တိုက်တွေ့မှုများကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခဲ့သည်။

ဂျပန်နှင့်ဖိလစ်ပိုင်တို့ကမူ ၎င်းတို့ပိုင်နက်အတွင်း တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားနိုင်စေမည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်မည်ဖြစ်ကြောင်းလည်း နိုဝင်ဘာလကပြောကြားခဲ့ကြသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here